မြန်မာနိုင်ငံစာကြည့်တိုက်အသင်းအမှုဆောင် အစည်းအဝေးကျင်းပခြင်း

မြန်မာနိုင်ငံစာကြည့်တိုက်အသင်းအမှုဆောင် အစည်းအဝေးကျင်းပခြင်း

မြန်မာနိုင်ငံစာကြည့်တိုက်အသင်းအမှုဆောင်လပတ်ပုံမှန်အစည်းအဝေးကို ၂၅-၁၀-၂၀၂၅နေ့ မနက် ၁၀ နာရီတွင် စိန်ရတုခန်းမ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းသင်တန်းခန်းမတွင် ကျင်းပခဲ့ပါ သည်။
အစည်းအဝေးတွင် ၂၀၂၅ ခုနှစ် နိဝင်ဘာလတွင် ကျင်းပမည့် နှစ်ပတ်လည်ညီလာခံအတွက် ကြိုတင်ပြင်ဆင်မှုများ၊ မြန်မာပညာရပ်ခေါင်းစဉ်ပြုစုခြင်းလုပ်ငန်း၊ စာကြည့်တိုက်ပညာအဆင့်မြင့်သင်တန်း (Library Education and Digital Information Literacy) အတွက် သင်ကြားမည့်ဘာသာရပ်များနှင့်စာကြည့်တိုက်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် သုတေသန၊ ပညာရေးကဏ္ဍများတွင် စာကြည့်တိုက်ဝန်ထမ်းများ၏ ပါဝင်မှုကို တိုးမြှင့်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို အဓိကထားဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးကို မနက် ၁၁:၃၀ တွင် ရုပ်သိမ်းခဲ့ပါသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *