Librarians’ Notes (U Than Tut)

ပညာရှာရာ၊ သုတေသနပြုရာတွင် စာကြည့်တိုက်သည် အလွန်အရေးကြီးလေသည်။ စာကြည့်တိုက်၌ ကျမ်းစာအုပ်များသာမဟုတ်၊ ငွေကြေးကုန်ကျခံ၍ ကမ္ဘာအရပ်ရပ်မှ ဘာသာစကားအမျိုးမျိုးဖြင့် ထုတ်ဝေနေသော ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်များ၊ အညွှန်းများ၊ စာအကျဉ်းချုံး (Abstracts)များထားရှိပါ၏။ ဆိုင်ရာပုဂ္ဂိုလ်သည် ထိုစာအုပ်၊ ထိုစာစောင်၊ ထိုအညွှန်း၊ထိုအကျဉ်းချုံးများကို အစဉ်မပြတ်နှီးနှောလေ့လာ၍ ပညာရှာ၍ သုတေသနပြုရလေသည်။ ထိုစာအုပ်၊ ထိုစာစောင်၊ ထိုအညွှန်း၊ ထိုအကျဉ်းချုံးများပျောက်ပျက်၍ မစုံမလင်ဖြစ်လာသည်နှင့် တစ်ပြိုင်နက် ပညာရှာသည့်လုပ်ငန်း၊ သုတေသနလုပ်ငန်းမှာ ထိခိုက်စပြုလေသည်။ ထိုအခါ ခေတ်မမီသော နိုင်ငံအဖြစ်သို့ ဦးတည်တော့
မည်မှာ သေချာပါလေသည်။
ဦးသန်းထွတ် (တိုက်စိုး)
ညွန်ကြားရေးမှူးချုပ်(ငြိမ်း)
ယဥ်ကျေးမှုဗိမာန်
Source: ပညာတန်ဆောင်(ဇန်နဝါရီ၊၁၉၈၄)၊ စာအုပ်အငှားအရမ်း/တိုက်စိုး။–မြန်မာနိုင်ငံစာကြည့်တိုက်အသင်း မဂ္ဂဇင်း၊ ၂၀၁၂။ စာ၂၅-၂၆