Librarians’ Notes (Daw Ahwin)

သုတရတနာသိုက်တံခါးများ

စာကြည့်တိုက်များကို အသိဉာဏ်များပျိုးထောင်ဖန်တီးပေးနိုင်စွမ်းသည့် သုတရသစာပေပစ္စည်းများ စုဆောင်းသိမ်းဆည်းထားသောသုတရတနာသိုက်များအဖြစ် တင်စားခေါ်ဝေါ်ခဲ့ကြပါသည်။  ၂၁ ရာစုတွင် ဤစာပေပစ္စည်းများကို စာကြည့်တိုက် အဆောက်အအုံများတွင် ဖတ်ရှုနိုင်ရုံမက အရှိန်အဟုန်ပြင်းစွာ ပြောင်းလဲနေသော နည်းပညာများဖြင့် သုတပညာ၏ တံခါးများသည်မိမိတို့ဝန်းကျင်တွင် အားလုံးအတွက် ပွင့်ထားလျက်ရှိနေပြီ ဖြစ်ပါသည်။
သုံးမကုန်နိုင်သောဤအဖိုးတန်သုတရတနာများကို ရှာဖွေတွေ့ရှိတတ်ပြီး မိမိအတွက် ကိုက်ညီအကျိုးရှိမည့် ရတနာများကိုရွေးချယ်အသုံးပြုတတ်ရန်သာလိုအပ်ပါသည်။  မည်သည့် သုတရတနာများက မည်သည့် နေရာများတွင် ရှိနေသည်၊ မည်သည့်တံခါးမှ  ၀င်ရောက်၍ မည်သို့ရှာဖွေရမည်။
မည်သို့အကဲဖြတ်ရွေးချယ်ပြီးအသုံးပြုရမည်ဆိုသည့် သုတပညာကျွမ်းကျင် တတ်မြောက်မှု (Information Literacy Skill) သည်စာကြည့်တိုက်မှူးများသာမက အသိပညာရှာဖွေနေသူများအတွက် အလွန်အရေးကြီးသည့် ပညာရပ်တစ်ခုဖြစ်ပါသည်။
သို့အတွက် ဤ ကျွမ်းကျင်မှုကို အသုံးပြု၍ အဖိုးတန် သုတရတနာများကို မိမိဘ၀တိုးတက်ရေးအတွက် ပွင့်နေသော တံခါးများကတဆင့် ရှာဖွေတွေ့ရှိ အကဲဖြတ်အသုံးပြုတတ်ရန် အကြံပေးတိုက်တွန်းလိုပါသည်။

ဒေါ်အဝင်း
ဥက္ကဋ္ဌ
မြန်မာနိုင်ငံစာကြည့်တိုက်အသင်း

Scroll to Top