(၂၆) ကြိမ်မြောက် သက်ကြီးဝါကြီး စာကြည့်တိုက်ပညာရှင်များပူဇော်ကန်တော့ပွဲ
မြန်မာနိူင်ငံစာကြည့်တိုက်အသင်း၏ (၂၆) ကြိမ်မြောက် သက်ကြီးဝါကြီး စာကြည့်တိုက်ပညာရှင်များအားပူဇော်ကန်တော့ပွဲကို (၂၂.၂.၂၀၂၅)နေ့တွင် M-3 Food Center ၌ အောင်မြင်စွာကျင်းပပြီစီးခဲ့ပါသည်။ အခမ်းအနား၌ အသင်းဥက္ကဌ ဒေါ်မြတ်စန်းငြိမ်းမှ နှုတ်ခွန်းဆက်ဂါရဝပြုအမှာစကား၊ ဒု ဥက္ကဌ ဒေါ်စိုးစိုးလင်းမှဂါရဝစကားပြောကြား၍ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးတိုမှဆုံးမသြဝါဒစကားများပြန်လည်ပြောကြားခဲ့ကြပါသည်။ ထိုနောက် ကန်တော့ခံ ဆရာကြီးဆရာမကြီးအား ပူဇော်ကန်တော့ငွေများ ပေးအပ်ခဲ့ပါသည်။
မြန်မာနိူင်ငံစာကြည့်တိုက် အသင်း၏ ၂၆ ကြိမ်မြောက်သက်ကြီးဝါကြီးစာကြည့်တိုက်ပညာရှင်များ အားပူဇော်ကန်တော့ပွဲနှင့်အတူ ဆရာဇော်ဂျီဆု၊ဆရာဦးသော်ကောင်းပညာရည်ချွန်ဆု၊ဆရာဇော်ဂျီဂန္တလောကသဂ်ဟ(စာပေ)ဆု၊ဆရာဇော်ဂျီဂန္တလောကသဂ်ဟ(ဘာသာ)ဆု၊ဆရာဇော်ဂျီပညာသင်ထောက်ပံကြေးဆု၊ေမာင်ဆုရှင်ပညာရည်ချွန်ဆုများချီးမြှင့်ခြင်းအခမ်းအနားကိုလည်းပူးတွဲကျင်းပခဲ့ကြပါသည်။ဆုချီးမြှင့်ပေးပါသောဆရာကြီး၊ဆရာမကြီးများနှင့်မြန်မာနိူင်ငံစာကြည့်တိုက်အသင်းအားအလှူငွေေပးအပ်ပါသောဆရာကြီးဒေါက်တာမျိုးသန့်တင်နှင့်ဇနီးအားလည်းကောင်းအထူးပင်ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဖော်ပြအပ်ပါသည်။








