Author: Aye Aye Kyaing

  • (၂၇) ကြိမ်မြောက် သက်ကြီးဝါကြီးစာကြည့်တိုက်ပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲ

                မြန်မာနိုင်ငံစာကြည့်တိုက်အသင်း၏ (၂၇)ကြိမ်မြောက် သက်ကြီးဝါကြီးစာကြည့်တိုက်ပညာရှင် ကြီးများအားကန်တော့ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် M 3 Food  Center  ၌ အောင်မြင်စွာကျင်းပပြီးခဲ့ပါသည်။

          ရှေးဦးစွာ အခမ်းအနားကို အသင်းဥက္ကဌ က နှုတ်ဆက်စကား  ပြောကြား၍ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ငွေ နှင့် လက်ဆောင်ပစ္စည်းများပေးအပ်ကာ  ကန်တော့ခဲ့ကြ၍ ဆရာကြီး ဆရာမကြီးများက ဆုံးမသြဝါဒစကား ပြန်လည်ပြောကြားခဲ့ကြပါသည်။

    ထို့နောက် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့်သတင်းအချက်အလက်ပညာဌာန နှင့် မြန်မာစာဌာန၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စာကြည့်တိုက်နှင့်သုတပညာဌာန၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တို့ မှ စာကြည့်တိုက်နှင့်သုတပညာထူးချွှန်ဆု ရရှိသူ ကျောင်းသား ကျောင်းသူမျာအား ဆုများချီးမြှင့်၍ တက်ရောက်လာသူ ကန်တော့ခံ ဆရာကြီးဆရာမကြီးနှင့် ဧည့်သည်များအား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံ၍ ကန်တော့ပွဲကို အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

     ထူးချွန်ဆုများကို ချီးမြှင့်ပေးပါသော ဆရာကြီး ဇော်ဂျီ မိသားစု၊ ဆရာကြီး ဦးသော်ကောင်းမိသားစု၊ ဆရာကြီးတိုက်စီုးမိသားစု၊ ဆရာမကြီး ဒေါ်ခင်ခင်အုန်းမိသားစု၊ ဆရာကြီး ဦးမောင်မောင်မိသားစု၊ ဆရာ မောင်ဆုရှင်မိသားစု နှင့်တကွ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ တာဝန်ရှိပုဂ္ဂိုလ်များအား ကျေးဇူးအထူး တင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

     ပျော်ရွှင်စရာကံစမ်းမဲအစီအစဥ် (Lucky draw) ကို အချိန်တိုအတွင်း အောင်မြင်အောင် ဆောင်ရွက်ပေးကြပါသော ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်၊ တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှ စာကြည့်တိုက်မှူးညီမငယ်များကို လည်းကောင်း၊ အလူငွေများ ထည့်ဝင်လှူဒန်းကြပါသော  နိုင်ငံတဝှမ်းမှ/ ပြည်တွင်းပြည်ပ မှ အလူရှင်များ လည်းကောင်း၊ ကန်တော့ပွဲ ချောမွေ့အောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးပါသော  စာကြည့်တိုက်မိသားစုဝင် တစ်ဦးချင်းစီတိုင်းနှင့် မြန်မာနိုင်င်ငံစာကြည့်တိုက်အသင်း၏ (EC) အဖွဲ့ဝင်များကိုလည်း ကျေးဇူးအထူး တင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

  • စာကြည့်တိုက်ပညာ အဆင့်မြင့်သင်တန်း

    စာကြည့်တိုက်ပညာ အဆင့်မြင့်သင်တန်း

    စာကြည့်တိုက်ပညာ အဆင့်မြင့်သင်တန်းနှင့် စာကြည့်တိုက်ဖိုရမ် 📚ကို ၅.၁.၂၀၂၆ နေ့တွင်အောင်မြင်စွာပြီးစီးခဲ့ပါသည်။
    စာကြည့်တိုက်နယ်ပယ်အမျိုးမျိုးမှ သင်တန်းသား/သင်တန်းသူ ၆၅ ဦး၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုဖြင့်
    “စာကြည့်တိုက်ပညာနှင့် ဒစ်ဂျစ်တယ် သတင်းအချက်အလက် အသိပညာပေးမှု (Digital Information Literacy)”
    အဆင့်မြင့်သင်တန်းကို အောင်မြင်စွာ ပြီးစီးနိုင်ခဲ့ကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။
    ဤသင်တန်း၏ ရည်ရွယ်ချက်များမှာ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုများကို တိုးတက်ခိုင်မာစေရန် ဖြစ်ပါသည်။

    • စာကြည့်တိုက်ပညာ၊
    • ဒစ်ဂျစ်တယ် သတင်းအချက်အလက် အသိပညာ ကျွမ်းကျင်မှု (Digital Information Literacy)၊
      -ဝေဖန်စဉ်းစားနိုင်စွမ်းနှင့် သတင်းအချက်အလက်ကို ကျင့်ဝတ်နှင့် ကိုက်ညီစွာ အသုံးပြုနိုင်မှု
    • စာကြည့်တိုက်ဝန်ဆောင်မှုများ၏ သက်ရောက်မှုကို တိုင်းတာခြင်းနှင့် အကဲဖြတ်ခြင်း နည်းလမ်းများ

    ထို့အပြင် “ရေရှည်တည်တံ့မှု နှင့် ငွေကြေးရံပုံငွေရရှိလည်ပါတ်နိုင်မှု” အကြောင်းအရာဖြင့် စာကြည့်တိုက်ဖိုရမ်ကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အတွေ့အကြုံကြွယ်ဝသော စာကြည့်တိုက်မှူး ၄ ဦးမှ လက်တွေ့ကျသော အမြင်များ၊
    ငွေကြေးရရှိလည်ပါတ်မှု၊အရင်းအမြစ် စုဆောင်းရေး၊ရေရှည်တည်တံ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု ပုံစံ လက်တွေ့ဆောင်ရွက်နေမှုများအကြောင်း ကို အတွေ့အကြုံများအခြေခံ၍ ဆွေးနွေးမျှဝေသွားခဲ့ပါသည်။
    သင်တန်းသားများ၊ ဆွေးနွေးပြောကြားသူများ၊ အကူအညီပေးသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများအားလုံး၏ အားထုတ်မှုနှင့် တန်ဖိုးရှိသော ပါဝင်ကူညီမှုများအတွက် အထူးကျေးဇူးတင်ရှိပါသည်။
    ကျွန်ုပ်တို့အားလုံး ပူးပေါင်းကာ ခိုင်မာတည်တံ့ပြီး အားလုံးပါဝင်နိုင်သော၊ ရေရှည်တည်တံ့သော စာကြည့်တိုက်များ ဆီသို့ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါသည်။