မြန်မာနိုင်ငံစာကြည့်တိုက်အသင်း၏ (၂၇)ကြိမ်မြောက် သက်ကြီးဝါကြီးစာကြည့်တိုက်ပညာရှင် ကြီးများအားကန်တော့ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် M 3 Food Center ၌ အောင်မြင်စွာကျင်းပပြီးခဲ့ပါသည်။
ရှေးဦးစွာ အခမ်းအနားကို အသင်းဥက္ကဌ က နှုတ်ဆက်စကား ပြောကြား၍ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ငွေ နှင့် လက်ဆောင်ပစ္စည်းများပေးအပ်ကာ ကန်တော့ခဲ့ကြ၍ ဆရာကြီး ဆရာမကြီးများက ဆုံးမသြဝါဒစကား ပြန်လည်ပြောကြားခဲ့ကြပါသည်။
ထို့နောက် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့်သတင်းအချက်အလက်ပညာဌာန နှင့် မြန်မာစာဌာန၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စာကြည့်တိုက်နှင့်သုတပညာဌာန၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တို့ မှ စာကြည့်တိုက်နှင့်သုတပညာထူးချွှန်ဆု ရရှိသူ ကျောင်းသား ကျောင်းသူမျာအား ဆုများချီးမြှင့်၍ တက်ရောက်လာသူ ကန်တော့ခံ ဆရာကြီးဆရာမကြီးနှင့် ဧည့်သည်များအား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံ၍ ကန်တော့ပွဲကို အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
ထူးချွန်ဆုများကို ချီးမြှင့်ပေးပါသော ဆရာကြီး ဇော်ဂျီ မိသားစု၊ ဆရာကြီး ဦးသော်ကောင်းမိသားစု၊ ဆရာကြီးတိုက်စီုးမိသားစု၊ ဆရာမကြီး ဒေါ်ခင်ခင်အုန်းမိသားစု၊ ဆရာကြီး ဦးမောင်မောင်မိသားစု၊ ဆရာ မောင်ဆုရှင်မိသားစု နှင့်တကွ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ တာဝန်ရှိပုဂ္ဂိုလ်များအား ကျေးဇူးအထူး တင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
ပျော်ရွှင်စရာကံစမ်းမဲအစီအစဥ် (Lucky draw) ကို အချိန်တိုအတွင်း အောင်မြင်အောင် ဆောင်ရွက်ပေးကြပါသော ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်၊ တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှ စာကြည့်တိုက်မှူးညီမငယ်များကို လည်းကောင်း၊ အလူငွေများ ထည့်ဝင်လှူဒန်းကြပါသော နိုင်ငံတဝှမ်းမှ/ ပြည်တွင်းပြည်ပ မှ အလူရှင်များ လည်းကောင်း၊ ကန်တော့ပွဲ ချောမွေ့အောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးပါသော စာကြည့်တိုက်မိသားစုဝင် တစ်ဦးချင်းစီတိုင်းနှင့် မြန်မာနိုင်င်ငံစာကြည့်တိုက်အသင်း၏ (EC) အဖွဲ့ဝင်များကိုလည်း ကျေးဇူးအထူး တင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။


















