မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းက ကြီးမှူးဖွင့်လှစ်ခဲ့သော စာကြည့်တိုက်ပညာ အလယ်အလတ်တန်းအဆင့် (Intermediate Level Online Course) သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ

မြန်မာနိုင်ငံစာကြည့်တိုက်အသင်းက ကြီးမှူးဖွင့်လှစ်ခဲ့သော စာကြည့်တိုက်ပညာ အလယ် အလတ်တန်းအဆင့် (Intermediate level online course) သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲကို အသင်းခန်းမ၌ ၁၇-၁၀-၂၀၂၆ ရက်နေ့ နံနက် (၉) နာရီတွင် စတင်ကျင်းပခဲ့ပါသည်။

            ရှေးဦးစွာ အဖွင့်အမှာစကားကို အသင်း၏ အကြံပေးဆရာမကြီး ဒေါ်ခင်နှင်းဦးက ပြေားကြားပြီး နောက် အမှတ်တရစကားများကို အသင်းဥက္ကဋ္ဌ ဆရာမဒေါ်မြတ်စန်းငြိမ်းနှင့် တက်ရောက်လာသော ဆရာ/ဆရာမများက ဆက်လက်ပြောကြားပါသည်။ တက်တက်ကြွကြွပါဝင်ဆွေးနွေးသူ သင်တန်း သားဆု (Most Active Award ) ရရှိကြသည့် သင်တန်းသား/သင်တန်းသူ (၆) ဦးကို မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းကလည်းကောင်း၊ (၅) ဦးကို British Council မှ လည်းကောင်း ဆုများချီးမြှင့်ခဲ့ ပါသည်။

            တစ်ဖန် သင်တန်းသူ/သင်တန်းသားများက သင်တန်းအတွေ့အကြုံနှင့် ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားပြီး သင်တန်းဆင်းပွဲ ပထမပိုင်း အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

            နောက်ဆက်တွဲအဖြစ် ဆရာ၊ ဆရာမများနှင့် သင်တန်းသူ/သင်တန်းသားများ အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးကာ အကျွေးအမွေးဖြင့် ဧည့်ခံပြီး သင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

Scroll to Top