Private and International School များအတွက် ကျောင်းစာကြည့်တိုက်စီမံခန့်ခွဲမှုသင်တန်း

           မြန်မာနိုင်ငံစာကြည့်တိုက်အသင်းက ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် International School များအတွက် ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှုသင်တန်းကို (Online) ဖြင့် (၂၉-၁၀-၂၀၂၆ မှ ၃၁-၁၀-၂၀၂၆ ထိ) ဖွင့်လှစ်သင်ကြား ပို့ချခဲ့ပါသည်။

           ရှေးဦးစွာ သင်တန်းဖွင့်အမှာစကားကို အသင်း၏အကြံပေးဆရာမကြီး ဒေါ်ခင်နှင်းဦးနှင့် အသင်းဥက္ကဋ္ဌဆရာမ ဒေါ်မြတ်စန်းငြိမ်း၊ ဆရာကြီး Dr.ထွန်းအောင်ကျော်တို့က ပြေားကြား၍ သင်တန်း ကို ဖွင့်လှစ်ခဲ့ကြပါသည်။

           ထို့နောက် သင်ခန်းစာများကို သက်ဆိုင်ရာဆရာ/ဆရာမများက သင်တန်းကာလအတွင်း စေတနာ အပြည့်အဝဖြင့် သင်ကြားပို့ချကြ၍ တက်ရောက်သူ သင်တန်းသားသင်တန်းသူများကလည်း စိတ်အားထက်သန်စွာ သင်ယူခဲ့ကြပါသည်။

           သင်တန်းပိတ်ပွဲ၌ အသင်းဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌတို့က အမှတ်တရစကားပြေားကြား၍ သင်တန်းသား/ သင်တန်းသူ ၄ ဦးတို့က သင်တန်းသားအားလုံးကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြေားကြားကာ သင်တန်းကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

           သင်တန်းကာလ (၃) ရက်အတွင်း သင်တန်းသား/သူ စုစုပေါင်း (၄၄) ဦး တက်ရောက်ခဲ့ကြ ပါသည်။

Scroll to Top