စာကြည့်တိုက်ပညာနှင့် ဒစ်ဂျစ်တယ်သတင်းအချက်အလက်
(Digital Information Literacy)
အဆင့်မြင့်သင်တန်း
စာကြည့်တိုက်ပညာ အဆင့်မြင့်သင်တန်းနှင့် စာကြည့်တိုက်ဖိုရမ် 📚ကို ၅.၁.၂၀၂၆ နေ့တွင်အောင်မြင်စွာပြီးစီးခဲ့ပါသည်။
စာကြည့်တိုက်နယ်ပယ်အမျိုးမျိုးမှ သင်တန်းသား/သင်တန်းသူ ၆၅ ဦး၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုဖြင့်
“စာကြည့်တိုက်ပညာနှင့် ဒစ်ဂျစ်တယ် သတင်းအချက်အလက် အသိပညာပေးမှု (Digital Information Literacy)”
အဆင့်မြင့်သင်တန်းကို အောင်မြင်စွာ ပြီးစီးနိုင်ခဲ့ကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။
ဤသင်တန်း၏ ရည်ရွယ်ချက်များမှာ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုများကို တိုးတက်ခိုင်မာစေရန် ဖြစ်ပါသည်။
- စာကြည့်တိုက်ပညာ၊
- ဒစ်ဂျစ်တယ် သတင်းအချက်အလက် အသိပညာ ကျွမ်းကျင်မှု (Digital Information Literacy)၊
-ဝေဖန်စဉ်းစားနိုင်စွမ်းနှင့် သတင်းအချက်အလက်ကို ကျင့်ဝတ်နှင့် ကိုက်ညီစွာ အသုံးပြုနိုင်မှု - စာကြည့်တိုက်ဝန်ဆောင်မှုများ၏ သက်ရောက်မှုကို တိုင်းတာခြင်းနှင့် အကဲဖြတ်ခြင်း နည်းလမ်းများ
ထို့အပြင် “ရေရှည်တည်တံ့မှု နှင့် ငွေကြေးရံပုံငွေရရှိလည်ပါတ်နိုင်မှု” အကြောင်းအရာဖြင့် စာကြည့်တိုက်ဖိုရမ်ကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အတွေ့အကြုံကြွယ်ဝသော စာကြည့်တိုက်မှူး ၄ ဦးမှ လက်တွေ့ကျသော အမြင်များ၊
ငွေကြေးရရှိလည်ပါတ်မှု၊အရင်းအမြစ် စုဆောင်းရေး၊ရေရှည်တည်တံ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု ပုံစံ လက်တွေ့ဆောင်ရွက်နေမှုများအကြောင်း ကို အတွေ့အကြုံများအခြေခံ၍ ဆွေးနွေးမျှဝေသွားခဲ့ပါသည်။
သင်တန်းသားများ၊ ဆွေးနွေးပြောကြားသူများ၊ အကူအညီပေးသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများအားလုံး၏ အားထုတ်မှုနှင့် တန်ဖိုးရှိသော ပါဝင်ကူညီမှုများအတွက် အထူးကျေးဇူးတင်ရှိပါသည်။
ကျွန်ုပ်တို့အားလုံး ပူးပေါင်းကာ ခိုင်မာတည်တံ့ပြီး အားလုံးပါဝင်နိုင်သော၊ ရေရှည်တည်တံ့သော စာကြည့်တိုက်များ ဆီသို့ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါသည်။








