Librarians’ Note (7)
မိမိကိုယ်၊မိမိဒေသ၊မိမိလုပ်ငန်း၊မိမိအသင်းအဖွဲ့၊မိမိအလုပ်ဌာန စသည်တို့ကို မယိုင်မလဲ တိုးတက်အောင်လုပ်ဆောင်နိုင်ခြင်းဟာ ဒီနိုင်ငံတော်ကြီးတိုးတက်အောင် တည်ဆောက်တဲ့ နေရာမှာ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ထမ်းဆောင်နေကြသူတွေဖြစ်တယ်။တိုင်းပြည် အတွက် တာဝန်ကျေကြသူတွေပေါ့။ဆရာကြီးဦးသော်ကောင်း အမျှော်အမြင်ကြီးစွာဖြင့် နိုင်ငံတော်ကြီးဂုဏ်သိက္ခာရှိအောင်၊ဖွံ့ဖြိုးတိုးတက်အောင်ရည်ရွယ်ပြီး မြန်မာနိုင်ငံစာကြည့် တိုက်အသင်းထူထောင်ရန်တင်ပြမှုကို နိုင်ငံတော်အစိုးရကလည်း ခွင့်ပြုလိုက်၍ “ဖြန့်ဖြူး ပညာ တို့ဝန်တာ”ဆိုတဲ့ ဆောင်ပုဒ်နှင့်အတူ ပြည်သူလူထုကို တာဝန်ကျေကျေအကျိုးပြုခဲ့တဲ့ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းဟာ ဆဌမလေးနှစ်သက်တမ်း ပထမအကြိမ်နှစ်ပတ်လည် အစည်းအဝေးကို ၁၆.၁၁.၂၀၁၉တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့၍ များစွာဂုဏ်ယူရပါသည်။ နှစ်ပေါင်း(၂၀)ကျော် အသင်းကြီးကို ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်အောင် ITနည်းပညာများဖြင့် အသင်းကြီး၏လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ပေးကြသော
အဖွဲ့ဝင်အားလုံးတို့အား လေးစားဂုဏ်ယူမိပါသည်။နောင် တက်မည့်မျိုးဆက်သစ်များသည်လည်း စည်းလုံးညီညွတ်စွာဖြင့် အသင်းကြီးအား စောင့်ရှောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ဦးအောင်ကြီး
နာယက
မြန်မာနိုင်ငံစာကြည့်တိုက်အသင်း
စာကြည့်တိုက်မှူး(ငြိမ်း)
တက္ကသိုလ်များဗဟိုစာကြည့်တိုက်