မြန်မာနိုင်ငံစာကြည့်တိုက်အသင်း သတ္တမအကြိမ်
အထွေထွေညီလာခံ ကျင်းပပြီးစီးခြင်း
မြန်မာနိုင်င်ငံစာကြည့်တိုက်အသင်း၏ သတ္တမအကြိမ် ညီလာခံ ကို ( ၁၄.၁ ၂၀၂၄ ) နေ့တွင် M- 3 Food Center ၌ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ ပထမပိုင်းအစည်းအဝေးကိုသဘာပတိအဖြစ် ဥပဒေအကြံပေး ဆရာကြီးဦးအေးချို၏လမ်းညွှန်မူဖြင့်အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။
ညီလာခံတွင် မြန်မာနိူင်ငံ စာကြည့်တိုက်အသင်းဆဌမသက်တမ်း လုပ်ဆောင်ချက်များကို အသင်းအထွေထွေအတွင်းရေးမှူး ဒေါ်စနြာချစ်ဖို့က ရှင်းလင်းတင်ပြပြီး ဘဏ္ဍာရေးရှင်းတမ်းကို ဒေါ်မိမိခင်ကဖတ်ကြားပါသည်။ ဆက်လက်၍ အတွင်းရေးမှူးဒေါ်မိမိက စာရင်းစစ် အစီရင်ခံစာကို ကိုယ်စားဖတ်ကြားတင်ပြခဲ့ပါသည်။
ဆက်လက်၍ အသင်းဥက္ကဌ ဒေါ်မြတ်စန်းငြိမ်းက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အသင်းရှေ့လုပ်ငန်းစဥ်များကို တင်ပြဆွေးနွေးခဲ့ပါသည်။ ထို့အပြင် Leadership Awards များကိုဆရာကြီး ဆရာမကြီး ၅ ဥိးအားလည်းကောင်း နှင့် Lifetime Achievements Awards ရရှိသူ အလုပ်အမှုဆောင် ဆရာမ ၂ဦးကို လည်း ကောင်းဆုတံဆိပ်များ ချီးမြင့်နိူင်ခဲ့ပါသည်။
ထို့နောက် အဖွဲဝင် အသစ်များ က ကတိသစ္စာခံယူကြပြီး ကြွရောက်လာကြသောအသင်သားများကို ဧည်ခံကျွှေးမွေး၍ညီလာခံကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြပါသည်။
အမြဲတမ်း မပျက်မကွက်ကြွရောက်ချီးမြှင့်ဆွေးနွေးအကြံပေးကြပါသောစာကြည့်တိုက်ပညာရပ်ဝန်းမှ ဆရာကြီး၊ ဆရာမကြီးများကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါသည်။
![](https://myanmarlibraryassociation.org/wp-content/uploads/2024/01/a1.jpg)
![](https://myanmarlibraryassociation.org/wp-content/uploads/2024/01/a2.jpg)
![](https://myanmarlibraryassociation.org/wp-content/uploads/2024/01/a3.jpg)
![](https://myanmarlibraryassociation.org/wp-content/uploads/2024/01/a7.jpg)
![](https://myanmarlibraryassociation.org/wp-content/uploads/2024/01/a4-1024x462.jpg)
![](https://myanmarlibraryassociation.org/wp-content/uploads/2024/01/a5-1024x462.jpg)
![](https://myanmarlibraryassociation.org/wp-content/uploads/2024/01/a6.jpg)
![](https://myanmarlibraryassociation.org/wp-content/uploads/2024/01/outstanding-6-1024x768.jpg)
![](https://myanmarlibraryassociation.org/wp-content/uploads/2024/01/outstanding-7-768x1024.jpg)
![](https://myanmarlibraryassociation.org/wp-content/uploads/2024/01/outstanding-4-1024x768.jpg)
![](https://myanmarlibraryassociation.org/wp-content/uploads/2024/01/banner3-768x1024.jpg)
![](https://myanmarlibraryassociation.org/wp-content/uploads/2024/01/banner4-1024x768.jpg)
![](https://myanmarlibraryassociation.org/wp-content/uploads/2024/01/ec-2-1024x768.jpg)
![](https://myanmarlibraryassociation.org/wp-content/uploads/2024/01/6.jpg)