Librarians’ notes
စာကြည့်တိုက်ကို ပျိုးခင်းနှင့်တူသည်ဟု ဆိုချင်ပါသည်။ စာကြည့်တိုက်မှူးကိုပျိုးခင်းထောင်သူနှင့်တူသည် ဟုဆိုချင်ပါသည်။
ပျိုးခင်းထောင်သူသည် မြေကောင်းမြေသန့်ဝယ်၊ မျိုးကောင်းမျိုးသန့် စပါးကိုရအောင်အားထုတ်၍ ရသောအခါ ထိုမျိုးကောင်းမျိုးသန့် စပါးကို လယ်ယာ၌ ချ၍စိုက်သည်။ ထိုအခါ မျိုးကောင်းမျိုးသန့်စပါးသည် လယ်ယာအနှံ့အပြားသို့ရောက်သဖြင့် မျိုးကောင်းမျိုးသန့်စပါး ပွားများရသည်။
ထိုနည်းတူစွာ စာကြည့်တိုက်မှူးသည်လည်း ပညာလိုလား အမျိုးသားတို့အား စာကြည့်တိုက်ဝယ် မျက်စိကြီး နားကြီး ဖြစ်လာအောင် ပျိုးထောင်ပေးသည်နှင့်တူသည်။ ထိုသို့ ပျိုးထောင်ပေးလိုက်သောအခါ ထိုအမျိုးသားတို့သည် အသိဉာဏ်အရာ၌ အနှံ့အပြား တိုးတက်လာစရာအကြောင်းရှိသည်။
အိမ်တိုင်းအိမ်တိုင်း၌ မျက်စိကြီး နားကြီး အမျိုးသားထွန်းကားလျှင်၊ ရွာတိုင်းရွာတိုင်း၌ မျက်စိကြီးနားကြီးထွန်းကားလျှင်၊ ခရိုင်နယ်ပယ်တိုင်း၌မျက်စိကြီး နားကြီးထွန်းကားလျှင်၊ တစ်နိုင်ငံလုံး၌မျက်စိကြီး နားကြီးဖြစ်မည်။ နိုင်ငံလုံးချီ၍ မျက်စိကြီးနားးကြီးထွန်းကားလျှင်ဤနိုင်ငံသည် ကြီးပွားလာနိုင်စရာအကြောင်းရှိပါသည်။
ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူးဦးသိန်းဟန်
(အမျိုးသားစာဆိုကြီးဇော်ဂျီ)