Librarians notes (16)

တ​နေ့​တော့​လှေကား​ပေါ်တက်ရင်းလက်ရမ်း​ပေါ်ကိုင်ထားတဲ့လက်ကရှသလိုခံစားရင်း​သွေး​တွေတစိမ့်စိမ့်ထွက်လာတာအများကြီးပါဘဲ..​ဝေ​ဝေကြည်ကတစ်ရှူးလိပ်ကိုဖြဲပြီး​ပေးတာနဲ့သုတ်တာတစ်ရှူးလိပ်တဝက်မကကုန်တယ်..စိတ်ထဲတမျိုးခံစားရလို့သင်တန်းကလူငယ်တ​ယောက်ကို​မေး​တော့သူကမ​ပြောချင်​ပြောချင်နဲ့…စာကြည့်တိုက်လုပ်ဖို့မလှူခင်.ယူနီဆက်ကိုငှားတုန်းကဆို..ထမင်းစားပွဲကြီးကအလိုလို​မှောက်သွားတာကြုံဘူးတယ်​ပြောပါတယ်၊

တ​ယောက်ကလည်းသူအ​ပေါ်ထပ်မှာစာအုပ်ထုတ်​တွေဖြည်​နေရင်တ​ယောက်​ယောက်ကစိုက်ကြည့်သလိုခံစားရပါတယ်တဲ့၊

နဂိုကတဲက​ကြောက်တတ်သူကိုယ့်မှာငါဘာလုပ်ရမလဲစဥ်းစားပါတယ်၊

​နောက်​နေ့မနက်​ရောက်​တော့ခြံထဲက​ရေတွင်းနားသွားရပ်လိုက်ပါတယ်၊

အိမ်​စောင့်နတ်….ခြံ​စောင့်နတ်..ရုက္ခစိုးနတ်စတာ​တွေကို​မေတ္တာပို့ပြီးသစ္စာဆိုလိုက်ပါတယ်၊

-“ကျွန်ုပ်သည်..ဤအ​ဆောက်အဦတွင်စာကြည့်တိုက်

တည်​ထောင်​ပေးရန်ရည်ရွယ်ချက်ဖြင့်လာ​ရောက်ခြင်းဖြစ်ပါသည်၊

-စာကြည့်တိုက်မည်သည်လူအများပညာရှာရန်အ​ကောင်းဆုံးဌာနတခုဖြစ်ပါသည်၊

-သို့ဖြစ်ပါ၍ကျွန်ုပ်အားအန္တရာယ်မ​ပေးဘဲ​မေတ္တာထားရန်​တောင်းဆိုပါသည်၊”

ရွတ်လိုက်ပြီးတာနဲ့​နောက်​ကျောတခုလုံးတဖျင်းဖျင်းနဲ့ကြက်သိမ်းတဖျန်းဖျန်းထပြီး​ခေါင်း​မွှေး​တွေပါ​ထောင်လာသလိုခံစားရပါတယ်..

​နောက်ရက်​တွေမှာတော့ စာကြည့်တိုက်ထူ​ထောင်ပြီး..ဖွင့်ပွဲအောင်မြင်စွာ လုပ်သည်အထိမည်သည့်အန္တရာယ်အ​နှောင့်အယှက်မှမ​တွေ့ရ​တော့ပါဘူး၊

၂၀၀၈..​မေလ..နာဂစ်မတိုင်မီစာကြည်တိုက်ဖွင့်လှစ်နိုင်ခဲ့ပါတယ်၊

ခု​တော့ဘဘဘိုက​လေးတင့်​အောင်လဲကွယ်လွန်ခဲ့ပါပြီ။

ဒေါ်ခင်မူ

စာကြည့်တိုက်မှူး(ငြိမ်း)

ယဉ်ကျေးမှုတက္ကသိုလ်