အခြေခံစာကြည့်တိုက်ပညာ (တစ်လ) သင်တန်း

အမှတ်စဥ် ( ၁/၂၀၂၄ ) သင်တန်းသားခေါ်ယူခြင်း

မြန်မာနိုင်ငံစာကြည့်တိုက်အသင်းက အခြေခံစာကြည့်တိုက်ပညာ(တစ်လ) သင်တန်းအမှတ်စဥ် ( ၁/၂၀၂၄ )ဖွင့်လှစ်ပါမည်။

မြန်မာနိုင်ငံစာကြည့်တိုက်အသင်းကကြီးမှူး၍ အခြေခံစာကြည့်တိုက်ပညာ တစ်လသင်တန်း(အွန်လိုင်း) အမှတ်စဥ်( ၁/၂၀၂၄) ကို ၂၀၂၄ ခုနှစ်၊ မေလ ( ၂ ) ရက်မှ မေလ ( ၃၁ )ရက်အထိ တစ်လကြာ ဖွင့်လှစ် သင်ကြား ပေးသွားမည် ဖြစ်ပါသည်။

သင်ကြားချိန် – အပတ်စဥ်တနင်္လာနေ့မှ သောကြာနေ့၊ နံနက် (၉)နာရီမှ နေ့လယ်(၁၂း၃၀)နာရီထိ

သင်ကြားမည့်နေရာ – Zoom Meeting

Certificate Fee – 5000 Ks

Form ပိတ်ရက် – ၂၆.၄.၂၀၂၄

လိုအပ်ချက်

စာကြည့်တိုက်ပညာရပ်ကို စိတ်ပါဝင်စားသည့် မည်သူမဆို တက်ရောက်သင်ကြားနိုင်ပါသည်။

သင်တန်းလျှောက်လွှာ google form link

https://forms.gle/1nBUggyLWckT4HaU7

သင်တန်းသို့တက်ရောက်ခွင့်ရသူများအား ၂၀၂၄ခုနှစ်၊ ဧပြီလ ( ၂၇ ) ရက် နေ့တွင် မြန်မာနိုင်ငံစာကြည့်တိုက်အသင်း (Myanmar Library Association) Facebook Pageတွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။

သင်တန်းတက်ရောက်ခွင့်ကို online တင်သွင်းခြင်းရက်စွဲအလိုက် လက်ခံသွားမည်ဖြစ်ပါသဖြင့် ဦးစွာတင်သွင်းကြပါရန် တိုက်တွန်းပါသည်။

သင်တန်းပြီးဆုံးအောင်မြင်ကြောင်းလက်မှတ် (Certificate)အတွက် ကုန်ကျ စရိတ် – ၅၀၀၀ကျပ်ကို အောက်ဖော်ပြပါ Kpay No. များတွင် Form ဖြည့်ပြီးသည်နှင့်တပြိုင်နက် ပေးချေရမည်ဖြစ်ပြီး ပေးချေပြီးကြောင်းကို Screenshot ရိုက်၍ Viber No. 09-450627226(Ko Win Zaw Latt) သို့ (မဖြစ်မနေ) ပေးပို့ပေးပါရန် ‌မေတ္တာရပ်ခံအပ်ပါသည်။ မိမိKpay အကောင့် (သို့) ကိုယ်စားလှယ်ဆိုင်မှ Kpay အကောင့်ဖြင့် လွှဲပါက Kpay ၏ မှတ်စုရေးရန်နေရာတွင် မိမိအမည်မှန်ထည့်ရေးပေးပါရန်၊ မိမိအမည်နောက်တွင်လည်း (MLA)ဟု ဖော်ပြပေးရမည်ဖြစ်ပါသည်။

တက်ရောက်ခွင့်ရသူများအနက်_အမှန်တကယ်ငွေသွင်းပြီးသူများကိုသာ သင်တန်းမစမီ (၂)ရက်အလို(၂၉ – ၃၀.၄.၂၀၂၄ )တွင် တစ်ပတ်စာအတွက် Zoom Link၊ Timetable Schedule ၊ Discuss လုပ်နိုင်ရန် Facebook Group နှင့် သင်တန်းစည်းကမ်းများကို လျှောက်လွှာတွင် ဖြည့်ထားသော Gmail မှတဆင့် ပေးပို့ပါမည်။(Form တွင် လက်ရှိအသုံးပြုနေသော Gmail လိပ်စာကိုသာ ဖြည့်သွင်းပေးပါရန်)

အောက်ပါအကောင့်(၂)ခုမှ နှစ်သက်ရာတစ်ခုထံ သင်တန်းကြေးလွှဲပို့ပါရန်။

Kpay Acc No. 095186398

Kpay Acc No. 09455297766

#သိလိုသည်များရှိပါက 09-450627226(ကိုဝင်းဇော်လတ်) ထံသို့ ဖုန်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။