Programming Librarian

ဒေါ်မြတ်စန်းငြိမ်း
ဒု-ဥက္ကဋ္ဌ -၁
မြန်မာနိုင်ငံစာကြည့်တိုက်အသင်း

လုပ်ငန်းခွင် ဘဝ ၃၅ နှစ်အတွင်း မှာ စာကြည့်တိုက်မှူး စာကြည့်တိုက်လက်ထောက် လုပ်ခဲ့သမျှ အလုပ်တိုင်းနေရာတိုင်း ရာထူးအကြီးအသေး တို့မှာ အစီအစဉ် အမျိုးမျိုး (ကြီးကြီးသေးသေး/ပုံမှန်အလုပ်ပဲဖြစ်ဖြစ်) လုပ်ဆောင်သည့်အခါတိုင်း ကြိုတင်စီစဉ်ခြင်း၊ တိုင်ပင်ခြင်း၊ အချိန်နေရာတွက်ဆခြင်း၊ plan A plan B လျာထားခြင်း၊တို့ကို အသေးစိတ် စိတ်နှစ်ပြီးဆောင်ရွက်ခဲ့လို့ စာဖတ်သူ ၂၀-၃၀ ခန့်လာသော ပွဲ မှသည် စာဖတ်သူ ၁၀၀၀ လာသောပွဲအထိ အဆင်ပြေချောမွေ့အောင်မြင်ခဲ့ပါတယ်၊

ဘာကြောင့်လဲ

၁။ အလုပ်ကို မြတ်နိုးလို့

၂။ အလုပ်ရှင်ကို လေးစားလို့၊ တစ်ခါတစ်ရံ ကြောက်လို့

၃။ မိမိလုပ်သောအလုပ် ထိရောက်စွာအကျိုးရှိစေဖို့

၄။ မိမိ ကျေးဇူးရှင်စာဖတ်သူများ တစုံတခု အကျိုးရရှိစေဖို့

ဘယ်လိုလုပ်ခဲ့လဲ

၁။ ပါဝင်ဆောင်ရွက်မည့်သူများ အတွက် အလုပ်ခွဲခြားလုပ်ကိုင်နေရာချထားခြင်း

၂။ လုပ်ဖော်ကိုင်ဖက်များနှင့် လုပ်ကိုင်ဆောင်ရွက်ရမည့် check list ကိုအပြန်ပြန်အလှန်လှန် ရေးဆွဲခြင်း(brain storming)

၃။ ဖိတ်ကြားမည့် စာကြည့်တိုက်အသင်းဝင်များစာရင်းပြုစုခြင်း၊ ပြုလုပ်မည့် အစီအစဉ်နှင့်သင့်တော်သော အသင်းဝင်များ မကျန်ခဲ့စေရန် check recheck လုပ်ခြင်း

၄။ အစီအစဉ်အချို့အတွက် အသင်းဝင် မဟုတ်သော်

လည်း ပြုလုပ်မည့်အကြောင်းအရာနှင့်ကိုက်ညီမှု ရှိသော ဧည့်သည်များအားဖိတ်ကြားခြင်း

၅။ ဖိတ်ကြားထားသည့် သူများအား အစီအစဉ် မစခင် တစ်ရက်အလို ထပ်မံ အသိပေးခြင်း

၆။ အစီအစဉ်နေ့တွင် ယာယီအစီအစဉ် အဖြစ် ပြေးလွှားလုပ်ကိုင်နိုင်ရန် Running sheet ရေးဆွဲခြင်း တို့ဖြင့် လုပ်ဆောင်ခဲ့ပါတယ်

၇။ အစီအစဉ်အပြီးတွင် အစီအစဉ်​၏ ရည်မှန်းချက် အတိုင်းဆောင်ရွက်နိုင်မှု စာဖတ်သူများ​၏ မျှော်လင့်ချက် ကိုဖြည့်စွမ်းနိူင်မှု ရှိမရှိပြန်လည်သုံးသပ်ကြရပါတယ်

Library marketing plan

နေ့စဉ် စာငှားလုပ်ငန်း ရည်ညွှန်းလုပ်ငန်း သုတေသနအထောက်အကူပြုလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း စာဖတ်သူတစ်ဦး လိုအပ်သော စာအုပ်စာတမ်း မရှိပါကအလားတူ စာအုပ်စာတမ်း များရရှိသွားစေရန် အလေးထားဆောင်ရွက်ခြင်း သည် ထိုစာဖတ်သူအား စာကြည့်တိုက်သို့အကြိမ်ကြိမ်လာရောက်အသုံးပြုစေခဲ့ပါတယ် တစ်ကြိမ်သုံးစာဖတ်သူကတစ်ဆင့် ရာသက်ပန် စာဖတ်သူ စာကြည့်တိုက်မိတ်ဆွေဖြစ်သွားစေပါတယ် ထိုမိတ်ဆွေတို့မှတစ်ဆင့် စာဖတ်သူများစွာတိုးပွားလာစေပါတယ်၊ စာကြည့်တိုက် ကိုလူပိုသိစေပါတယ်၊ ရေရှည်တည်တံ့စေသောအသိုက်အဝန်းကို တည်ဆောက်နိုင်စေပါတယ်။

Library programs planning

မျိုးဆက်သစ်စာကြည့်တိုက်မှူးများသည်လည်း မည်သည့်အလုပ်လုပ်ရသည်ဖြစ်စေ အလုပ်ရှင်ကိုအလေးထားခြင်း၊ အလုပ်ကိုတန်ဖိုးထားခြင်း၊ လုပ်ရမည့်အလုပ်ကို စနစ်တကျ တိကျစွာ လုပ်ဆောင်တတ်ခြင်း၊ ဆက်သွယ်သင့်သူများအားကြိုတင် ချိတ်ဆက် ထားခြင်း၊ တခုအဆင်မပြေလျင် နောက်တခု ကိုကြိုတင်စဉ်းစားထားခြင်း တို့အပြင် မိမိလုပ်သမျှ အလုပ်တိုင်း ၈၀ ရာခိုင်နှုန်းအောင်မြင်ရန် ကြိုတင်ရည်မှန်းလုပ်ဆောင်ကြပါက မိမိစာကြည့်တိုက်ရေရှည်တည်တံ့ အောင်မြင်ပြီး မိမိလုပ်ငန်းခွင်ဘဝတွင်လည်း မိမိအမည်တွင်ကျန်ရစ်စေမည်မှာမုချ ပါဟု အမှတ်တရစကား ပါးလိုပါတယ်။