ဒေါ်မိမိ
စာကြည့်တိုက်မှူး(ငြိမ်း)
မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်
အတွင်းရေးမှူး-၂
မြန်မာနိုင်ငံစာကြည့်တိုက်အသင်း

အစဥ်တည်တံ့အောင်မြင်သော စာကြည့်တိုက်တစ်ခု ဖြစ်လာဖို့ဆိုလျှင်-
စာကြည့်တိုက်လုပ်ငန်းစဥ်တစ်ခုလုံးကို စီမံခန့်ခွဲ ဆောင်ရွက်မည့် စာကြည့်တိုက်မှူး၏ အရည်အချင်း လုပ်ဆောင်ချက်သည် အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်နှင့်အညီ ယင်းစာကြည့်တိုက်မှူးနှင့်အတူ ပူးပေါင်း ပါဝင်ထမ်းဆောင်နေကြသည့် စာကြည့်တိုက်ဝန်ထမ်းများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသောကဏ္ဍတစ်ခုပင်ဖြစ်ပါသည်။
မိမိစာကြည့်တိုက်တိုးတက်အောင်မြင်စေရန်အတွက် မည်မျှပင်စိတ်အားထက်သန်တက်ကြွသော စာကြည့်တိုက်မှူးဖြစ်လင့်ကစား စာကြည့်တိုက်ဝန်ထမ်းများ၏ ပံ့ပိုးကူညီမှုကိုမရရှိပါက ရထားတွဲလိုက်ပါခြင်းမရှိဘဲ စက်ခေါင်းတစ်ခုတည်းမောင်းနှင်နေသော ရထားကဲ့သို့ဖြစ်ပေလိမ့်မည်။
မိမိစာကြည့်တိုက်ဝန်ထမ်းများ စာကြည့်တိုက်လုပ်ငန်းဆောင်တာများကိုစိတ်ပါဝင်စားမှုရှိစေရေး၊ အချင်းချင်းစည်းလုံးညီညွတ်မှုရှိစေရေး၊ စာပေလေ့လာလိုက်စားမှုစိတ်ဓာတ်မြင့်မားလာစေရေး၊ စာဖတ်အလေ့အကျင့်တိုးမြင့်လာစေရေးတိုကို စာကြည့်တိုက်မှူးအနေဖြင့် စဥ်ဆက်မပြတ်အကဲခတ်စီမံခန့်ခွဲမှုပြုနိုင်ဖို လိုအပ်ပါသည်။
စာကြည့်တိုက်ဝန်ထမ်းများ၏ရာထူးတိုးမြှင့်ရေး၊ အသိဥာဏ်ပညာကြွယ်ဝလာစေရေး၊ ခေတ်နှင့်အညီတိုးတက်ပြောင်းလဲလာသော စာကြည့်တိုက်နည်းပညာရပ်များကို စဥ်ဆက်မပြတ်လေ့လာဆည်းပူးနိုင်စေရေးတို့အတွက် စာကြည့်တိုက်နှင့်ပတ်သက်သည့်သင်တန်းများကို တက်ရောက်စေလွှတ်သင်ကြားနိုင်ခွင့်ကိုလည်း ဝန်ထမ်းတစ်ဦးချင်းအလိုက်အလေးထားဆောင်ရွက်ပေးရန်လိုအပ်ပါသည်။
စာကြည့်တိုက်မှူးသည် မိမိ၏လုပ်ငန်းတာဝန်ဝတ္တရားများကို လေးစားလိုက်နာသော စည်းကမ်းတိကျသောစာကြည့်တိုက်မှူးဖြစ်သည်နှင့်အညီ မိမိဝန်ထမ်းများကိုလည်း စီမံခန့်ခွဲအုပ်ချုပ်ရာတွင် ကိုယ်ချင်းစာတရားနှင့်ပြည့်စုံသော၊ အထက်အောက်အပြန်အလှန်လေးစားမှုရှိသော၊ နွေးထွေးကြင်နာတတ်သော ဝန်ထမ်းတစ်ဦးချင်း၏အားနည်းချက်အားသာချက်များကို အစဥ်သိရှိနားလည်သော စာကြည့်တိုက်မှူးဖြစ်ဖိုလိုအပ်ပါသည်။
စာကြည့်တိုက်ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့စာကြည့်တိုက်မှူး၏နားလည်မှုများစွာဖြင့်စီမံအုပ်ချုပ်မှုအပေါ် အခွင့်ကောင်းမယူဘဲ ကျရာတာဝန်ဝတ္တရားများကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ မခိုမကပ်ဘဲ ဆောင်ရွက်ကြခြင်းဖြင့် အောင်မြင်သောစာကြည့်တိုက်တစ်ခုဖြစ်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါတော့သည်။
(မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်စာကြည့်တိုက်တွင် အနှစ် (၃၀) ကျော် တာဝန်ထမ်းဆောင်ခဲ့သည့်ကာလတစ်လျှောက် မိမိစာကြည့်တိုက်ဝန်ထမ်းများနှင့် အခါအားလျော်စွာပြုလုပ်ခဲ့သည့် ‘လွတ်လပ်စွာပြောဆိုခွင့်ရှိသော နွေးထွေးပြီးအပြုသဘောဆောင်သော စကားဝိုင်းလေးများ’ ပြုလုပ်ခြင်းဖြင့် မိမိဖက်ကမှန်သည် ထင်သောအမှားများ၊ အားနည်းချက်များကို ပွင့်လင်းစွာဆွေးနွေးခြင်းဖြင့် သိရှိနိုင်ခဲ့ပြီး မိမိဖက်ကလည်း လိုချင်သည့်အနေအထား မဖြစ်နိုင်သော်လည်းအခက်အခဲများစွာရှိသော်လည်း မိမိပြုလုပ်ချင်သည့်စီမံချက်လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြသည့် စာကြည့်တိုက်ဝန်ထမ်းများအား အစဥ်ကျေးဇူးတင်လျက်)
ဒေါ်မိမိ
စာကြည့်တိုက်မှူး(ငြိမ်း)
မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်
အတွင်းရေးမှူး-၂
မြန်မာနိုင်ငံစာကြည့်တိုက်အသင်း